April 20, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

Network Publication

Burmese Report သဘာဝအရင်းအမြစ်နှင့် ဖက်ဒရယ်စနစ်

အစီရင်ခံစာ အကျဉ်းချုပ်

မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုများနေထိုင်ရာ ပြည်နယ်များသည် သဘာဝအရင်း အမြစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၏ ကြွယ်ဝ စုံလင်ခြင်းနှင့် ပြည့်စုံနေသည်မှာမှန်သော်လည်း ရေရှည် တည်တံ့မှုမရှိသောတူးဖော်မှုများနှင့် ရောင်းချမှုစနစ်များကြောင့် ယင်းအရင်းအမြစ်များ၏ ကျိန် စာသင့်ခြင်းကို ခံစားနေရသည်သာမက လက်နက်ကိုင်ပဋိပက္ခများပိုမိုအားကောင်းလာအောင် အား ပေးနေသကဲ့သို့ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ ပဋိပက္ခများကို ဖြေရှင်းခြင်းနှင့် အဓွန့်ရှည်တည်တံ့ သောငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် သဘာဝအရင်းအမြစ်များနှင့် ပတ်သက်၍ အာဏာနှင့် လုပ်ပိုင်ခွင့်များကို အပြည့်အဝခွဲဝေလွှဲပြောင်းပေးသည့် ဖက်ဒရယ်စနစ်အခြေပြု စီမံခန့်ခွဲမှု (Devolved Federal Management) စနစ်တစ်ခုကို တည်ဆောက်ပုံဖော်ခြင်းသည် အဓိက ကျသော အခန်းကဏ္ဍမှ ပါဝင်သည်။

အချို့သော အပစ်အခတ်ရပ်စဲမှုများကို စာရွက်ပေါ်တွင် လက်မှတ်ရေးထိုးနိုင်စေကာမူ မြန်မာ နိုင်ငံသည် ပဋိပက္ခဖြစ်ဆဲ အခြေအနေတွင်သာ ရှိနေပါသေးသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်နေသောကြောင့် သိန်းဂဏန်းကျော်သော လူဦးရေ မှာ အိမ်ခြေယာမဲ့ ဖြစ်လာခဲ့သည်။ ဆယ်စုနှစ်များစွာ တိုက်ခိုက်နေမှုများကို အဆုံးသတ်ရန်အတွက် အခြေခံကျသော ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရရှိရေး တောင်းဆိုမှုများမှာလည်း နိုင်ငံရေးဆိုင်ရာ ထိရောက် သော တွေ့ဆုံဆွေးနွေးမှုများ အားနည်းခြင်းကြောင့် မသိကျိုးကျွံပြုခံ ရလေသည်။

Download in Burmese

_______________________________________________________________________

English Briefer Federalism

Decades of war and unsustainable extraction have left Burma’s waterways, lands, and forests cut down, dug up, ooded, and polluted. The resource-rich ethnic states are living under the scourge of an environmental disaster that threatens the very foundation of their—and the country’s—future. Hundreds of thousands remain homeless due to ongo- ing armed con ict, and fundamental calls for self-determination have gone unheeded in a lack of political dialogue.

Download in English

d