March 29, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

မိုင်းကိုင်မြို့နယ်မှ ကျောက်မီးသွေးမိုင်းများ ရပ်နားရန် ကုမ္ပဏီများက သဘောတူခဲ့ပြီး မေ ၁၃ ရက် နောက်ဆုံးထားဖယ်ရှားပေးမည်ဟု ဆို

Submitted by aungkyawmoe on Mon, 04/17/2017 – 19:23

http://news-eleven.com/local/35104

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ကျောက်မီးသွေးမိုင်းများ ပိတ်သိမ်းရန် သံဃာတော်များ ဦးဆောင်ကာ ဒေသခံ ၄၀၀၀ ကျော်ဖြင့် ကန့်ကွက်ဆန္ဒပြပြီးနောက် ကုမ္ပဏီများဘက်က ၎င်းတို့၏ ကျောက်မီးသွေးမိုင်းများကို ပိတ်သိမ်းရန် သဘောတူခဲ့ပြီး မေ ၁၃ ရက် နောက်ဆုံးထား ဖယ်ရှားပေးမည်ဟု ကျောက်မီးသွေး ကုမ္ပဏီများက သဘောတူလိုက်ကြောင်း သတင်းရရှိသည်။

သံဃာတော်များဦးဆောင်ကာ ဒေသခံ ၄၀၀၀ ကျော်ဖြင့် ကျောက်မီးသွေး တူးဖော်နေခြင်းများ အလိုမရှိဟု ကျိန်စာရွတ်ဆို ဆုတောင်းပွဲအပြီး ဧပြီ ၁၃ ရက်တွင် ဦးဆောင်သံဃာတော်များ၊ ဒေသခံများ၊ တာဝန်ရှိလူကြီးများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီပိုင်ရှင်များက မဇ္ဈိမရာမ တပ်ဦးကျောင်းတိုက်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ကုမ္ပဏီများဘက်မှ လုပ်ငန်းသုံး စက်ပစ္စည်းများကို ဧပြီ ၁၃ ရက်မှ စတင်ကာ တစ်လအတွင်း သိမ်းဆည်းသွားမည်ဟု ကတိပေးခဲ့ကြောင်း သိရသည်။

“ကျောက်မီးသွေးတူးဖော်နေတဲ့ ကုမ္ပဏီတွေဘက်ကနေ တစ်လအတွင်း နောက်လ မေ ၁၃ ရက်မှာ ဖယ်ရှားပေးသွားမယ်လို့ ပြောတယ်။ သူတို့လာခဲ့တဲ့နေရာကို သူတို့ပြန်တော့မယ်။ မေ ၁၃ ရက်ဆို ပြန်မယ်လို့ ၀န်ခံပြီးပြီ။ အခုတော့ ပစ္စည်းတွေ တဖြည်းဖြည်းသိမ်းနေတယ်။ နောက်တစ်ဖွဲ့လာလည်း ဒီတိုင်းပဲ လုပ်ဦးမှာပဲ။ ဘယ်သူမဆို သဘာဝပတ်ဝန်းကျင်ကို လာဖျက်ဆီးမယ်ဆိုရင် ဆန့်ကျင်မှာပဲ” ဟု မိုင်းကိုင်မြို့နယ် မွေတော်မြောက်ကျောင်း ဆရာတော်ဦးသောဇေယျက မိန့်ကြားသည်။

မိုင်းကိုင်မြို့နယ်တွင် ၂၀၁၄ ခုနှစ်မှစပြီး ပြည့်အောင်ဟိန်းကုမ္ပဏီနှင့် ဟိန်းမေတ္တာ ကုမ္ပဏီတို့မှ ကျောက်မီးသွေးထုတ်လုပ်ခွင့် ရရှိခဲ့ပြီး စမ်းသပ်တူးဖော်အပြီး၌ လုပ်ငန်းများ ရပ်နားခဲ့ကာ ၂၀၁၇ နှစ်ဆန်းပိုင်းတွင် စီမံကိန်းပြန်စလာသည့်အတွက် ဧပြီ ၁၁ ရက်က ဒေသခံ ၄၀၀၀ ကျော် ဆန္ဒပြခဲ့သဖြင့် ထပ်မံရပ်နားခဲ့ခြင်း ဖြစ်သည်။

Writer:
စည်သာ (တောင်ကြီး)