March 28, 2024

Pa-O Youth Organization (PYO)

To promote quality critical thinking and creative of youth

မဂ္ဂါဝပ် ၁၂၀၀ ကျော် ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ထိုင်းအခြေစိုက်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမည်

နေပြည်တော် အောက်တိုဘာ ၃၀

ထိုင်းနိုင်ငံအခြေစိုက် TTCL ကုမ္ပဏီက မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၌ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံတန် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ယခုရက်သတ္တပတ်က ပြောကြားသည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် တည်ဆောက်မည့် မဂ္ဂါဝပ် ၁၂၈၀ ထုတ်လုပ်မည့် အဆိုပါဓာတ်အားပေးစက်ရုံကို ဂျပန်နည်းပညာအသုံးပြုကာ ၂၀၂၃ ခုနှစ်တွင် စတင်လည်ပတ်ရန် ရည်မှန်းထားသည်။ စက်ရုံအနေဖြင့် တစ်နှစ်လျှင် ပြည်ပမှ တင်သွားလာသော ကျောက်မီးသွေးတန်ပေါင်း လေးသန်းခန့်ဖြင့် လည်ပတ်မည်ဖြစ်ကြောင်း TTCL ကုမ္ပဏီကဆိုသည်။ ဖက်စပ်သဘောတူညီချက်အရ စီမံကိန်း၌ မြန်မာအစိုရက အစုရှယ်ယာ ငါးရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ပြီး TTCL ကုမ္ပဏီမှ ၉၅ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဖြစ်ကြောင်း TTLC ကုမ္ပဏီအမှုဆောင် ဒုတိယဥက္ကဋ္ဌ ဆူရာတာနာထရင်ရာတာနာက အား ကိုးကား၍ ပြောကြားသည်။

တည်ဆောက်ရေးလုပ်ငန်းမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ ကုန်ကျမည်ဟု မျှော်မှန်းထားပြီး TTCL ကုမ္ပဏီက စက်ရုံတည်ဆောက်ရေး ရင်းနှီမြှင့်နှံမှုတွင် ပြန်လည်ရရှိမည်ဟု မျှော်မှန်းထးသောပမာဏမှာ ၁၀ နှင့် ၁၃ ရာခိုင်နှုန်းးကြားဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ TTCL မှာ Italian-Thai Development နှင့် ဂျပန်နိုင်ငံမှ Toyo Engineering Corp အကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည်။

TTCL ကုမ္ပဏီသည် လက်ရှိတွင် မြန်မာနိုင်၌ ဓာတ်အားပေးစက်ရုံတစ်ခုလည်ပတ်နေပြီး ယင်းစက်ရုံမှာ ၂၀၁၃ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သည် ရန်ကုန်မြို့တော် အလုံမြို့နယ်ရှိ ၁၂၀ မဂ္ဂါဝပ် ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံဖြစ်သည်။

ကိုးကား – Power Engineering International

Source: ကြေးမုံ Tuesday, 31 October 2017